အာရုံထဲက လွတ်ကျသွားတဲ့ စကားလုံးအပိုင်းအစတွေကို ပဟေဠိ တစ်ခုလို့၊
နှစ်ခုလို့ ဘယ်နေရာမှာ ခု ခု နေမှန်း မသိ ၊ လမှန်း မသိ အပူ ၊ အအေး
အလင်း ၊ အမှောင် မမျှတဲ့ Zoneထဲ ရောက်ပြီးရင်း ရောက်နေတာပဲ ၊ ထိုင်နေတာပဲ
သွားနေ ၊ လာနေတဲ့ လူတွေကို ဘာပစ်တင်ရမလဲ ၊ ခေါင်းထဲကနေ တစ်ခုခု
အဲ့ဒီ ခု ခုနေတဲ့ အကြောင်းကိုပဲ ၊ ထပ်တလဲလဲ ၊ အကွဲကွဲ ၊ အပြဲပြဲ ဇာတ်ကြောင်တွေ
ဇာတ်နာ / ဇတ်နာ ၊ ခေါင်းနာ တင်ရော မနာဘူးလား ချော်လဲရောထိုင်ကြောင့်
ဒိုင်ကြောင် ဖြစ်သွားလား ၊ အဆက်အစပ် မရှိတာကြောင့်များလား
မျက်နှာ ဖုံး / အုပ် ပြီး သိုးယောင်ဆောင် ထားတာလား ၊ ဒေါင်းယောင် ဆောင်ထားတာလား
ဆောင်ထားတော့ လေးမနေဘူးလား ၊ လေး မပြီး ပစ်မနေဘူးလား ၊
ပစ်မနေရင် မမှန်ဘူးလား ၊ မမှန်ရင် မကြိုက်ဘူးလား ၊ ကြိုက်နေရင် မေးလေ ၊
သွားလေ ၊ လျှာလေ အဲ့လေ တွေ ၊ လားတွေ နဲ့ လွတ်ပြီ လား
ဟော…… ပါပြန်ပြီ ၊ နေရာတကာမှာ သိချင်စိတ် လွန်ကဲမှုကြောင့် ဖောင်းပွနေ
တဲ့ တိုး ပြောလိုက်ရရင် ၊ လျှော့ပြောလိုက်ရရင် ဈေးကွက်က အပျက်ကြီးပဲ
ဦးတည်ချက် မမဲ့ရင်တောင် နောက်ကျောလုံအောင် ကာဖို့ မမေ့နဲ့ ၊
မလျော့နဲ့ ၊ မလျှော့နဲ့ ၊ မတင်းနဲ့ ၊ မပြတ်စေနဲ့ ၊ မထုံးစေနဲ့ ၊ မပူးစေနဲ့
တားမြစ်ဧရိယာထဲကို ရောက်နေတယ်လို့ မထင် ၊ မမြင် မိတာပဲ ကားကနဲ
လှည်းက နဲ ၊ ခြေလျင်နဲ့ ခြေကျင် အမှန်/အမှား မကွဲတော့ဘူးဆို
အားလုံးက ရယ်ဒီမိတ်တွေပဲ ၊ နွားမ ရွှံ့ပိတ်တွေပဲ ၊ ရွှံ့ရုပ် နွားကလေးက မီးမှမလင်းတာ
ခေတ်ကိုက မျက်စိရှေ့မှာ သံပတ်ပေးစရာမလို ၊ ကြိုးဆွဲနေစရာ မလို ၊ Remode က ဆင်ဆာ မကြောင်ရင်
အားလုံး လွှတ်လို့ ရရင် များလာမယ့် အရောင်စုံတွေကို တာဝန်ယူဖို့ တာဝန်ယူပေးပါ
ကျနော့်ကင်းဗတ်စ အပေါ် မကျစေနဲ့ မထင်ပါစေနဲ့လို့ ထင်ရာ ၊ မြင်ရာ
အာရုံအသိက ထိန်းချုပ်လေ နာကျင်လေပဲ အထူ ၊ အပါး စုံတယ် (CoMa)
ရိုးအီနေတဲ့ ထွက်ပေါက်ကြီးကို ပိတ်ရပ်မနေဖို့ပဲ လိုတယ်/ ပိုတယ် မရှိ
စကားတွေ ကြားနေတယ်/ ကျားနေတယ် မောင် ပိုမလာနဲ့
ချစ်လို့ အလိုလိုက်ပြီးမှ တားမြစ်သစ်သီးက ဟိုဘက် ခြံမှာမှ မဟုတ်တာ ၊
မဟတ်တာတွေ ပြောနေမှ ရင်ခုန်ရသတဲ့လား။ ခေတ်ကိုက
ကျေးတော်မျိုး
6-11-2011
3:00AM


0 comments:
Post a Comment