အချိန်မရွေးရောက်လာနိုင်တဲ့ ဘေးဆိုးတစ်ခုက ကိုယ့်ကိုတုန်လှုပ်ဖွယ်ရာချောက်ခြားနေတယ်
ဆုတောင်းစကားတွေ အကြုံးဝင်မှုအတွက် အထိတ်တလန့် စောင့်စားခဲ့
ဘ၀မှာ အကောင်သေးပေမဲ့ နှစ်ခေါက်နှစ်ခါ လျှောက်သွား နေရတော့
ခဏပါဘဲ....ပြောစကားတွေမပြီးခင် တည်ဆောက်ထားသမျှတွေ ပြိုကျပျက်စီး
ဆောက်တည်ရာမဲ့တယ်လို့ ခေါ်မလား တည်ဆောက်ရာမဲ့သွားတဲ့ တစ်ခေါ်သာသာ
ဘယ်တောမှမဝေးဘူးဆိုတဲ့ အတွေးက ရှိတုန်းခဏ
စိတ်ပါဝင်စားစွာ ကိုယ် နာကျင် လောင်ကျွမ်းနေပါတယ်
ကိုယ်ထူကိုယ်ထစနစ်အတွက် အဆင်သင့်မဖြစ်သေးတဲ့ ကျောပိုးအိပ်တစ်လုံး
အသင့်စားသောက်ကုန်ပစ္စည်းတွေနဲ့ လိုက်လျောညီထွေ ဆက်ဆံမှုများ
အချစ်ဟာ နတ်ဘုရားပဲ ၊ အချစ်ဟာ ဖန်ဆင်းရှင်ပဲ ၊ အချစ်ဟာ အောက်ဆီဂျင်ပဲ ဆို(သောက်ပိုတွေ)
ခြစားနေတဲ့ ကမ္ဘာမှာ ဘယ်ကိုယ်ကျင့်တရားကို အားကိုးရမလဲ မေးခွန်းပြန်ထုတ်ရမယ်
အရွေ့တွေထဲမှာလိုက်မရွေ့ ရင် လူပြိန်းဖြစ်သွားမှာလား စိုးရိမ်မှတ်ကျော်နေတဲ့ ပင်လယ်
အလိုလိုတော့ ဘာမှ ဖြစ်မလာဘူး ။ ချစ်ခြင်းမေတ္တာမှာ အရောင် ၊ အနံ့ကင်းသေးလို့လား
ကိုယ်ရေးကိုယ်တာထဲအထိ ၀င်ရောက်နှောက်ယှက်နေသော ဗိုင်းရက်စ်များ
အကြောက်တရားချည်းပဲစိုးမိုးလာတဲ့ နေရာဒေသများ
ပလတ်စတစ်တွေနဲ့ အချိန်ကာလများ
ကျောက်ခေတ်ကိုပြန်သွားဖို့ လမ်းကို google maps မှာရှာလိုရမလား
ဖော့ ဦးနှောက်တွေက ပိုထိုးလောက်ကိုက်ခြင်းက ကင်းဝေးနေကြပြီ
အဆီတွေတ၀င်းဝင်း နဲ့ သံသွားတွေ
ဆောက်တည်ရာမဲ့နေတုန်းက အရေးအသားများ
နှစ်ခါပြန်လျှောက်လည်း ဘာမှမှတ်မိစရာမရှိတဲ့ အချိန်ကာလများထဲ
ကိုယ်နေသားတကျ
(ကျေးတော်မျိုး)

0 comments:
Post a Comment