ချွှန်းတစ်လက်၏ ကျမ်းစာ





အချိန်မဟုတ် အခါမဟုတ်
လည်ပင်းကို ပတ်ခဲ့ တဲ့ ကြိုး.......
........(အိမ်မက်ကြိုး)........
မင်းအလို ငါမလိုက်နိုင်ခဲ့ တာ
ခွင့် လွှတ်ပါ.....မိစနေ......။


ခြောက်သွေ့ ၊ အက်ကွဲ ၊ ကြမ်းရှ
နှင်းဆီတစ်ခင်းရဲ့ ပြတင်းပေါက်ဝမှာ
သေလုမျောပါး ၀တ်မှုန်တစ်စက
တွဲလျရွဲခိုကပ်......
မျက်စပ်ပိုးဝင်ခြင်းရဲ့ အကုသိုလ်က
အဲ့ ဒီမှာစခဲ့ တာပဲ ...မိစနေ......။


ချောကလက်ရောင် နင့် နှုတ်ခမ်းပါးကိုမှ
တခုတ်တရ ထမ်းထားချင်တဲ့ ငါ
မနုဿတ ဒုလ္လဘ မှန်းသိရက်နဲ့ 
နတ္တ တရားတွေ ရှုချင်တယ်
မိစနေရယ်.................
ငါဆိုတဲ့ ကောင်က အလံဖြူတစ်ထည်နဲ့ ထုပ်ထားတဲ့ 
လူမိုက်ကျမ်းတစ်အုပ်ပါ.....မိစနေ....။

ခဏခဏ သေ
ခဏခဏ ရှင်
လူတွင်ကျယ်တွေရဲ့ ဘာသာစကားထဲ
ငါက..မှုန်ဝါးဝါး ပဲနောက်စေ့ လေးတစ်လုံးပေါ့ ..
ခေါင်းအုံးခဲ့ တဲ့ ပလက်ဖောင်းက
နောက်တစ်နေ့ ဖြစ်ကြောင်းပြောတယ်
မနေ့ တစ်နေ့ တွေ ထဲက ...ငါ
ခြေခင်း လက်ဖြန့် ကျောဆန့် 
ကဲ....ဘယ်လောက်ဂွကျသလဲ.....။


ခက်တယ်မိစနေရဲ့ ...
ပစ္စပ္ပန်တွေတစ်ခါသေတိုင်း
ငါ လက်ခမောင်းထခတ်တယ်
တစ်ကြိမ်တစ်ခါမျှ မရှုံးဘူးရင်
အောင်မြင်မှုဆိုတာ....
ရေငတ်နေတဲ့ ...ကျွန်းတစ်ခုပါပဲ
ငါ........
လက်ညောင်းလှပြီ......မိစနေ.....
တေ ...လေ.....လွင့် ....၀ဲ...
ငါ့ ရဲ့ သိုးရင်းအင်္ကျီလက်နှစ်ဖက်မှာ
နင့် ဆံနွယ်တွေ ခိုတွဲနိုင်ပါစ................။

လာပါ .......မိစနေ....
မုဆိုးမ စည်းရိုးကြားက မြောက်လေကို
တို့ ရင်ဆိုင်ကြစို့ ........
ဖြားယောင်းမှုကင်းတဲ့ .....မြှူဆွယ်စကားက
သကြားမပါတာ သေချာတယ်.....
မင်း.......................
..........................
တိုက်ရဲ သလား ???????? မိစနေ......


ပေါရာဏ ဘာသာစကားထဲက
ငါ့ ရဲ့  မျက်မည်းမလေးရေ
နင့် ရဲ့ တောအုပ်ထဲ .....
ငါ အမဲ ပစ်မထွက်ပါရစေနဲ့ ......
စက်တခြမ်း ၊ သိဟ်တစ်ခြမ်း လွင်ပြင်ထဲ
ပိန်းပိတ်မှောင်မှာ ငါကြောက်တယ်.....
နွေဦးတွေရောက်မှပဲ
ပန်းကောက်ထွက်ကြတာပေါ့ .....မိစနေ....။


နေတက် ...ရေတက်...
နဂါးခေါင်းလှည့် ရာ....မွန်းတည့် မှာမှ..
ငါက မြေမှုန် တစ်ရုပ်ဖြစ်ခဲ့ တယ်...

လူပြော သူပြောများတဲ့ 
ဘီလူးမလေကြမ်းတစ်သိုက်နဲ့ 
ငါ....ပန်းပုခက်ကို လွှဲခဲ့ ရတယ်
ရှစ်ကြိုးတပ်...မှော်စောင်းတစ်လက်က
ငါ့ အက္ခရာပဲ ...မိစနေ.....


တေလေတစ်ယောက်ရဲ့ ရှိုက်သံက
ရိုမန့် တစ်မဆန်တာ...
ငါသိတယ်......
ဒါပေမယ့် ..ငါတတ်တဲ့ ဘာသာစကားနဲ့ 
နင့် နာမ ကို ကြွေးကြော်ခြင်းပဲ....မိစနေ...
ခရေပွင့် တစ်သုပ်ပေါ်
သွေးစက်တွေ...“ဖြန်း” ကနဲ ပက်
နင့် မှတ်ချက်တွေ အရေးမကြီးဘူး....
ဒါ....ငါရှိကြောင်းအဖြစ်......
ငါ့ ရင် ငါ့ ချိုးပြီး .....မိုးကို မီးရှို့ ခဲ့ တာပဲ...မိစနေ.....။


ဝေး........
ဝေး................
ဝေး.................................
ဝေး ရမလား ဆိုတဲ့  အမေး
ဖြေဖို့ ရဲဆေးမရှိဘူး
ဘုန်းမီးနေလ ထတောက်ဖို့ အရေး
ကောက်ရိုးဖိနပ်ထဲ အောက်ဆီဂျင် တစ်ရှိုက်သွင်း...
နင့် မျက်စောင်းအ၀င့် မှာတင်....
ငါ့ စစ်တလင်း ထောင်းလမောင်းကြေခဲ့ ပေါ့ ....။


လေးညှို့ မတင်ခင်
ဓါးမချွတ်ခင် ကတည်းက
ကျွန်တံဆိပ် အကပ်ခံချင်တဲ့ ကောင်
လူယောင်ဆောင်ပြီး နင့်ရှေ့ မှောက် မှာ
ဒူး....ထောက်ထားတယ်
ကဲ.......စတော့ ....
သေစေ................ရှင်စေ...........


မိစနေရေ.....
ဖြောင့် ဖျလို့ မရတဲ့ 
နင့် ဆံနွယ်ပွပွလေးတွေထဲ
လေလွင့် အမှိုက်တစ်စအဖြစ်
ငါ့ ရှင်သန်မှုတွေ....ရပ်တည်ရစ်တယ်
တကယ်ဆို...အတ္တအရောင်တင်တဲ့ 
နင့် တစ်ကိုယ်ရေ...သန့် ရှင်းမှုထဲ...ငါ..မ၀ံ့ ရဲခဲ့ .........။


နင်........
မလှဘူး...........
နင်.........
မယဉ်ကျေးဘူး.....
နင်........
လိမ္မာရေးခြား မရှိဘူး
ဒါပေမယ့် ..........
နင့် ရဲ့ ပါးနပ်မှုမှာ....
ငါစက္ကူတစ်ရုပ်ဖြစ်ရဲတယ်...............။


နင့် ရဲ့ ခဏတာ လူသားမဆန်မှုတွေထဲ
ငါဟာ မြစ်တစ်စင်းလဲဖြစ်တယ်...
နင့် ရဲ့ ပျော့ ပျောင်းညင်သာမှုတွေထဲ
ငါဟာ သတ္တုခွက်တစ်လုံးဖြစ်တယ်....
နင့် ရဲ့  ပလီစေ့ ချောက်ချက် မျက်ဝန်းထဲ
ငါဟာ မီးစွဲ ထင်းတစ်ချောင်းဖြစ်တယ်
နင့် ရဲ့ ရသေ့ စိတ်ဖြေ ပဟေဋ္ဌိတွေထဲ
ငါဟာ ကလေးကလား ဆန်ဖြစ်တယ်
မိစနေရယ်..........
နင့် ရဲ့ ဆယ့် နှစ်ရာသီကကြိုးထဲ
ငါက တနင်္လာရဲ့ ခြေကျိုခြေကြားကောင် ဖြစ်သွားခဲ့ ..............။


မျက်ကွယ်............ပြုပါ
ဥပေက္ခာ .................မပြုပါနဲ့ 
သွယ်ဝိုက်................လိုက်ပါ....
မကွေ့ ကောက်.........လိုက်ပါနဲ့ ....
ငါ ဆုတောင်းတယ်
နင့် အုံးစက်ရာ အဖြစ်
ညာလက်ရုံးကို ခင်းဖြန့် ပစ်မယ်....
လက်ဝဲဘက်ရင်တစ်ခြမ်းလုံး
မီးဟုန်းဟုန်းတောက်စမ်း..................။


ငါက.....
လူမွှေးလူရောင် မပြောင်တဲ့ 
အညတရ......ပန်း...
ဟဲ့ ...နင်မနမ်းနဲ့ ...
နင်းသာသွားစမ်းပါ.....
သူတောင်းစားတစ်ယောက်ရဲ့ 
ကျောက်ခင်း အိပ်ယာပေါ်မှာ
နတ်သမီးအိမ်မက် မက်ချင်လို့ ....
ခိုကိုးရာမဲ့ သူတွေအတွက်.....
ဒီမိုးသက်က.....ကြာခဲ့ တယ်....


မူးမူးရူးရူး လဲကွဲ
လဲလဲကွဲကွဲ မူးရူး
ငါ့ နံကြားက ဆူးဒဏ်ရာက
သွေးစက်လက် ကျတုန်းပဲ.....မိစနေ......
လွင့် ဝဲ ပျံတက်သွားတဲ့ 
ပွင့် ဖတ်တွေပေါ်မှာ
ငါ့ မျက်ရည်စက်တွေပါတယ်.............။


မိမဲ့ ...ဖမဲ့ ...ကြယ်ပျိုတစ်ည
လက်ပန်းကျလုတဲ့ အထိ
ငါမီးထိုင်ရှို့ ဖူးတယ်
ခရာဆူးတွေ အုံ့ အုံ့ ထစ်ထစ်
တစ်ဆစ်ခြင်း...ချိုးချလိုက်
ငါ ဆိုတဲ့ တေးသွားပိုဒ်မှာ
ခယောင်းဖတ်တွေသာ
အလွှားလိုက်...မွ./.ဆင်းသွားတယ်

မိ ..................................
........... စ.......................
.......................နေ.......... ရေ...............လို့ 
ရင်ဘတ်စကားနဲ့  ငါခေါ်တယ်
နင်ကြားကြား....မကြားကြား....
ငါတားခဲ့ တဲ့ ....မျဉ်းတစ်ကြောင်းက...
မရှည်လျားခဲ့ ပါဘူး..........။


အကယ်၍များ....
ငါသေသွားရင်.........
နင့် ခြံဝရှေ့ က လူခေါ်ခေါင်းလောင်းဖြစ်ချင်တယ်
ငါတတ်မြောက်တဲ့ မန္တာန်တွေနဲ့ 
နင့် ကိုအသက်သွင်းချင်လို့ ပါ


ကစားပွဲထဲက အဖြည့် ခံလို
ထမင်းဆုတ် ဟင်းဆုတ်
ငါ့ နိုင်ငံတော်ရဲ့ ....ကမ္ဘာမကျေခြေဆင်းထဲ
နင့် နာမ်/စားတွေ ပါတယ်....မိစနေ
မိစနေရယ်.........

0 comments:

:a: :b: :c: :d: :e: :f: :g: :h: :i: :j: :k: :l: :m: :n:

Post a Comment