*ကျနော်က သူမပါးပြင်ပေါ်က ကျိန်စာတွေကို တခုတ်တရ ခုံမင်တယ် *

နေရောင်ခြည်ရေ
မင်းဘယ်အရပ်ဒေသမှာလဲ........
ကိုယ်တို့ရဲ့ ဆက်သွယ်ရေးက
ဖန်ကြိုးမျှင်တွေကို အမှီအခိုပြုလို့
ချစ်ခြင်းမေတ္တာက အရောင်ခပ်နွမ်းနွမ်း
သတိရကြောင်း ၊ စိတ်အိပ်မက်တွေအကြောင်း
ကိုယ်ရေးကိုယ်တာများ ၊ တွေဝေမှု
ခေတ်ကြီးရဲ့ လမ်းလယ်ခေါင်မှာ နာကျင်ကြေကွဲ
အစားထိုးဝင်ရောက်မှုတွေ မတတ်နိုင်စွမ်းတဲ့
သူမက ဟင်းလင်းပြင်ကြီးထဲမှာငေးမောရပ်တန့်
အဘယ်မှာလဲ..........
အဘယ်ဒေသမှာလဲ.......
နေကောင်းကျမ္မာပါရဲ့လား......
သူမရဲ့ စိတ်အာရုံတွေက အဘယ်သူ......
ကျနော် လူလိုတွေးမိတိုင်း
သူမကို ခမ်းခမ်းနားနား လွမ်းတယ်
ဘ၀က မသေချာမှု စစ်တလင်းထဲမှာ
ရေနည်းငါး ၊ ကမ္ဘာတစ်ခြမ်းစာ သူမရဲ့ လက်ဖ၀ါး
စိတ်ရှိတိုင်းသာ ရိုင်းခွင့်ရမယ်ဆို
သဘာဝတရားကို ငါမုန်းပစ်မယ်
နင်မရှိတဲ့နေရာက ငါ့အတွက် တခြား ဂြိုဟ်တစ်ခုပဲ
ဟုတ်တယ်...ပန်းသီးစုန်း
ငါက မင့်ပါးပြင်ပေါ်က ကျိန်စာလေးတွေကို
တခုတ်တရ ခုံမင်နေခဲ့တဲ့ကောင်
ငါ့ကို လူယောင်ဆောင်ပြီး နမ်းလိုက်စမ်း
ငါပန်းတစ်ပွင့် ဖြစ်သွားချင်လို့.........
(ကျေးတော်မျိုး)

0 comments:

:a: :b: :c: :d: :e: :f: :g: :h: :i: :j: :k: :l: :m: :n:

Post a Comment