ပြန်လည်ဖြတ်သန်းဖို့မလွယ်ကူတဲ့ မြစ်ရေတွေထဲမှာ


ကောက်ချည်ထားတဲ့ ကြိုးလေးတစ်ချောင်းနဲ့ ရစ်ပတ်လိုက်ကြတယ်။
လက်ဖ၀ါးအစုံဟာ စွတ်စိုနွေးထွေးနေလို့ တင်းကြပ်အောင်ဆုပ်ကိုင်လိုက်ကြ
ဘာတစ်ခုမှ မသိခင် နစ်ဝင်သွားကြတဲ့ နှစ်ဆယ်ကျော်ဇာတ်ဝင်ခန်းတစ်ခု
အတုအယောင်တွေကို ပြန်ပြီး တိုက်ခိုက်ချင်ကြတဲ့ စစ်သွေးကြွများ
နာရီတွေကို မနာလိုအောင် ရီနေလိုက်ကြသေးတယ်… အဲ့သလောက်
တိတိရိရိပြတ်ကြသွားတယ်  ကိုယ့်ကိုယ်ကို အပေါ့စား သေကြောင်းကြံမှု
ခေတ်ကြီးရဲ့အရေးပါအရာရောက်ပုံတွေကို ခေတ္တမေ့ဆေးကျွေးလိုက်တယ်။
သူရဲကောင်းဆန်တယ်လို့ ကိုယ့်ကိုယ်ကို  တစ်ယူသန်စွပ်စွဲလိုက်ပုံ
ဒီကနေ့ကစပြီး နေ၀င်နေထွက်တာ ဘာတစ်ခုမှ မသက်ဆိုင်ကြောင်း
ကိုယ်တွေ့ အရေးပေါ်ကုသမှု အစားထိုးဝင်ရောက်လာတဲ့ အင်္ဂါအစိတ်အပိုင်းများ
ရုပ်နဲ့နာမ်လောက်ကို အဖတ်မလုပ်ချင်တော့တဲ့ နားထင်သွေးရောက်မှု
တစ်ကွေ့ကွေ့ကို ပြန်မစောင့်ချင်လောက်အောင် စိတ်အားထက်သန်နေတာမျိုး
ပလာစတာများနဲ့ သက်ဝင်ယုံကြည်ကြောင်း ဖော်ထုတ်ပြသနေပုံ အဆင့်ဆင့်
ဖြတ်သန်းဝင်ရောက်ခြင်းမပြုဖို့ တိုက်တွန်းနှိုးဆော်ချက်များနဲ့ ညနေ
သူ + သူမ အကျိုးအကြောင်းခိုင်လုံစွာ ပေါင်းသင်းပြီးတဲ့ နောက်မှာ
ငှက်တစ်အုပ် ထပျံသွားတာလောက်နဲ့ နမိတ်ပုံ မပြနဲ့
ပန်းတစ်ပွင့်လောက် မဖူး၊ မငုံ ၊ မပွင့် ၊ မကြွေပြနဲ့
ပြောမှသိ ထိမှနာမယ့် အထာတွေထားလိုက်တော့ ပစ္စလက်ခတ်သုတ်သင်ပစ်လိုက်
သူမဆံပင်အရှည်တွေထဲမှာ ကာလတွေရပ်တန့်နေတာ ကွယ်ဝှက်ထားလိုက်
သူ+သူမ အတွက် ညနေဟာ ညနေဖြစ်ဖို့ပဲလိုတာပါ။
ကျေးတော်မျိုး

0 comments:

:a: :b: :c: :d: :e: :f: :g: :h: :i: :j: :k: :l: :m: :n:

Post a Comment