သဘာဝ စကားများ

လမ်းတစ်ခုမှာ တစ်စုံနဲ့ တစ်ခုစီ ဆုံတွေ့ကြတယ်….
တွေ့တော့ ပြောစရာတွေရှိလာခဲ့တာပေါ့….
အသင်ပန်း……..
အဘယ်ကဲ့သို့ ပွင့်လန်းလာခဲ့ပါသလဲ….?
ငါ့အဆွေ…….
သဘာဝတရားနဲ့ ငါလာ၏ ။
အသင်သစ်တော
အဘယ်ကဲ့သို့ စိမ်းလန်းလာခဲ့ပါသလဲ….?
ငါ့အဆွေ…….
သဘာဝတရားက ငါ့ကို စိမ်းလန်းစေ၏ ။
အသင်စမ်းရေ……
အဘယ်သို့ စီးဆင်းပါအံ့နည်း…..?
ငါ့အဆွေ…….
မြင့်ရာမှ နိမ့်ရာသို့ သဘာဝအတိုင်း ငါစီးဆင်းလေ၏ ။
အသင်မြေကြီး
အဘယ်ကဲ့သို့ မာကျောကျစ်လစ်လာသနည်း…?
ငါ့အဆွေ…….
သဘာဝတရားက ဖန်ဆင်းသည့်အတိုင်း ငါမာကျော၏ ။
အသင်မိုးတိမ်
အဘယ်အရပ်သို့ သွားအံ့နည်း….?
ငါ့အဆွေ…….
သဘာဝတရား၏ စေညွှန်ရာအတိုင်းသာ ငါသွား၏ ။
အသင်လေညှင်း
အဘယ်သို့ တိုက်ခတ်မည်နည်း…..?
ငါ့အဆွေ…….
ငါသည်ထာဝရ သဘာဝ၏  စေညွှန်ရာသို့ လွင့်၏ ။
မေးစရာ တဖြည်းဖြည်း ရှားပါးလာတော့
မေးစရာက ပြောစရာ စကားတွေဖြစ်လာတယ်…..
သဘာဝတရားက အရာအားလုံးကို စောင့်ရှောက်ပြီး
ဘာလို့ ငါ့ကို ရင့်အိုစေရသလဲလို့
သစ်ရွက်အကြွေလေးက  တစ်ယောက်တည်းပြောတယ် ……
သူအခုထိ သဘာဝတရားကို မတွေ့သေး။

0 comments:

:a: :b: :c: :d: :e: :f: :g: :h: :i: :j: :k: :l: :m: :n:

Post a Comment