နောက်ဆုံးရသတင်း

ကိုယ်ကနေ့စွဲတွေထဲမှာ တလွဲနေတတ်တဲ့ကောင် ၊ ဟန်ဆောင်ရတာကိုမုန်းတယ်
ဟန်မဆောင်ပဲ သိမ်းသွင်းတဲ့ အခွင့်အရေးတစ်ခုတစ်လေ ၊
တစ်လေတည်းထွက်ထွက်လာတဲ့ သံယောင်လိုက်တတ်တဲ့အကျင့်
ဖြစ်နေပြီ၊ ဖြစ်နေပါပြီလို့ လာမပြောနဲ့ ၊ ဖြစ်ပြီးသားကိစ္စတွေနဲ့ စိတ်မလျှော့ခိုင်းနဲ့
တစ်နေ့တစ်နေရာ ၊ တစ်ယောက်တစ်နေ့ ဘုံဝါဒစနစ်ကိုမှ ကြိုက်တဲ့ ကွန်မြူနစ်မ
သွား..သွား..ကြာကြာဝါးဖို့ အရိုးအသားမရှောင်တတ်တဲ့ သွားကြီးကြီးတွေနဲ့
အယူအဆက ကိုးကွယ်ယုံကြည်မှုလို့ထင်နေလား ၊
ခင်ဗျားက ၊ ကျွန်တော်က၊ အလကားနာမ်စားတွေ ၊ ရှိပြီးသားကို အထပ်ထပ်တောင်းဆိုနေတာ
လိုက်လျောခွင့်ပြုနေတာ ၊ အချစ်ရေးမှာတော့ ကျုပ်တစ်ယောက်တည်း တာ စားနေတယ်
လှုပ်လေနစ်လေ ၊ နစ်လေလှုပ်လေနဲ့ ထိပ်လန့်ကြောက်ရွံ့  ဖွယ်ရာသက်ဆိုင်မှု
ဒါနေ့တိုင်းကိုယ်ပြုနေရတဲ့ ကုသိုလ်ပဲ ၊
သာဓုခေါ်ပါ ၊ ၀မ်းမြောက်ပါ မင်းရဲ့  လိုအင်ဆန္ဒတွေအတွက် စိတ်နဲ့ ကိုယ်ပျော်ရွှင်ပါစေ
ခလုပ်မထိ ၊ဆူးမငြိပါစေနဲ့ ဆိုတာထက် မင်းရဲ့ တပ်မက်မှုတွေ ပြည့်စုံပါစေ
ချစ်မေတ္တာတရားမှာ ဒီမိုကရေစီမဆန်စွာ ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်
သွားပြီ...လမ်းကြောင်းလွဲသွားပြီ...ချော်သွားပြီ တိမ်းမှောက်ဖို့ ကိုးဆယ်ရာခိုင်နှုန်း
အဆိုးမြင်ဝါဒတွေနဲ့ လူးလူးလိမ့်လိမ့် ၊ လှိုင်းလူး လှေမူးအခြေအနေ
ရာသီဥတုက ကိုယ်ဘက်မပါတော့ ရာသီဥတုနောက်ပြေးလိုက်ရမလား
သွားစမ်း.... ခုချက်ချင်းထွက်သွားစမ်း... နိမိတ်ပုံအတုံးအတစ်နဲ့ ငတုံး
ကျွန်ဖြစ်တာတောင် ကိုယ့်ခေါင်းကိုယ်ပြန်စမ်းနေသေးတယ်...
မစမ်းနဲ့ .... မစမ်းနဲ့ မင်းထမ်းသလောက်မပါတဲ့ နောက်ကျောကိုကပ်နေတဲ့ မျော့
တဆစ်ဆစ်ကိုက်နေတဲ့ ထိခိုက်ရှနာ နားထင်ကြောထဲလာလာထောက်နေတယ်...



        ကျေးတော်မျိုး (Friday, May 6, 2011)

0 comments:

:a: :b: :c: :d: :e: :f: :g: :h: :i: :j: :k: :l: :m: :n:

Post a Comment