စက်ရုပ်များဖျက်သိမ်းရာဒေသ

ဘာတွေလုပ်နေပါသလဲ...လူကြီးမင်းနှင့်တကွ ပြင်ဆင်ရမည့် သိက္ခာအစိတ်အပိုင်အားလုံး
တစ်ခါတည်း ဖျက်သိမ်းပစ်ဖို့အကြံပေးချက်တစ်ချို့ နဲ့အတူ ဒီနေ့ရာသီဥတုဖောက်ပြန်မှုတွေ
အသားအရောင်ခွဲခြားမှု နှင့် လိင်အသားပေးဇာတ်လမ်းများ ၊ရွေးကောက်ပွဲအကြောင်းအရာ၊
မဲဆွယ်မှုမကျတကျ နားလှည့်ပါးရိုက်သတင်းများနှင့်အတူ အိမ်ယာအတည်တကျမရှိသော
ခင်ဗျား/ကျနော်/သူသူ ငါငါစကားလုံးဖောင်းပွမှုတွေကို ခေတ်ပြိုင်စာသားထဲအတင်းကာရော
ထိုးသိပ်ဖိနိုပ်ထည့်သွင်းပြီးနောက် ဒီနေရာမှာ ဘူဇွာဆန်ဆန်/အရင်းရှင်ဆန်ဆန်/ပဒေသရာဇ်ဆန်ဆန်/
ဟစ်တလာဆန်ဆန်/မူဆိုလိုနီဆန်ဆန် တစ်ပြည်နှစ်ပြားမတန်နေထိုင်ကျင့်ကြံဖို့စိတ်ပိုင်းဖြတ်ထားပါသလား
မီးဆေးထားသောစကားလုံးအသေတွေကတရားဝင် နေထိုင်ခွင့်ရထားပြီးကြောင်း ဖြစ်သဖြင့်
လူရာမသွင်းချင်သလို လူပေါ်လူဇော်လုပ်ချင်သလို လူလည်ကျချင်သလို ကိုယ်ရည်သွေးသလို
ကိုယ်ချင်းစာစိတ်ဖျောက်ထာသလို အတွေးအခေါ်ရင့်ကျတ်သယောင် ဟန်ဆောင်လိမ်လည်မှုများနှင့်
ဟာသမဲ့အပေါစား ပျက်/ ဖျက် လုံး များ လူသုံးကုန်ပစ္စည်းအဖြစ်ထုတ်လုပ်ရောင်းချတင်သွင်း
စိတ်အချဉ်ဖောက်ထားသော အရက်ပြင်းများအား နေ့စဉ်မှီဝဲရင်း မကောင်းသတင်းတစ်ချို့အား
အားရပါးရစားသုံးပြနေသော လူကြီးမင်းတို့အား နောက်ပေါက် ဘေးပေါက်မှ တစ်ဆင့်
တင်သွင်းလာသော ပြည်တွင်းဖြစ် စကားလုံးအသစ်များဖြင့် ပြင်ဆင်ပေးဖို့ အသင့်ရှိနေကြောင်း
ဘာလုပ်လုပ်တင့်တယ်နေသော လူကြီးမင်းတို့၏ သိမ်ဖျင်းနုံနဲ့လှသောအဆင်တန်ဆာများအား
အကြောင်းချင်းရာတစ်ချို့နှင့်တကွ တင့်တောင်းတင့်တယ် နေရာတကျအသားမွေးစေနိုင်ရန်
လူ့ကျင်ဝတ်ဆိုင်ရာ ထိန်းသိမ်းပြုပြင်ပေးခြင်းနှင့်အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးများ
နေမ၀င်ခင် ပြုမူဆောင်ရွက်နိုင်စေရန် ရန်ကုန်အနုပညာမြို့တော်မှ ကြိုဆိုပါ၏............။        ။
(ကျေးတော်မျိုး) Monday, October 11, 2010 at 9:47pm

0 comments:

:a: :b: :c: :d: :e: :f: :g: :h: :i: :j: :k: :l: :m: :n:

Post a Comment